အိပ်စက်မှုနည်းပါးခြင်းနဲ့ ဆက်စပ်နေတဲ့ပြဿနာများ

အိပ်စက်မှုနည်းပါးတာဟာ အကြောင်းအမျိုးမျိုးကြောင့် ရှိနိုင်ပါတယ်။ အိပ်ချိန်နည်းရင် ဒီလို ဘေးထွက်ဆိုးကျိုးတွေ ဖြစ်တတ်ပါတယ်။

၁။ အိုမင်းရင့်ရော်ခြင်း

၂။ ရောဂါပိုးကူးစက်မှုလွယ်၍ အအေးမိဖျားနာရန် အခွင့်အလမ်းများခြင်း

၃။ အိပ်ရေးမဝခြင်းနှင့် အာရုံစုစည်းနိုင်မှုအားနည်းခြင်းကြောင့် မတော်တဆမှုများ ပိုမိုဖြစ်နိုင်ခြင်း

၄။ စိတ်ဓာတ်ကျခြင်း၊ စိတ်ပူပန်မှုများခြင်း

၅။ စိတ်တိုလွယ်ခြင်း

၆။ စိတ်ဖိစီးမှုကို ခံနိုင်ရည်နည်းပါးခြင်း

၇။ အဝလွန်ခြင်း၊ နှလုံးရောဂါ၊ ဆီးချိုရောဂါများ ပိုမိုဖြစ်ပွားနိုင်ပြီး အသက်သေဆုံးခြင်းနှင့်

၈။ မိမိကိုယ်ကိုယ် ထိန်းချုပ်နိုင်မှုအားနည်းခြင်း၊ အာရုံမစုစည်းနိုင်ခြင်းများကြောင့် ဆုံးဖြတ်ချက်များချရန် ခက်ခဲခြင်း

ကောင်းမွန်စွာ အိပ်မပျော်တာများလာရင် ဘာအကြောင်းကြောင့် အိပ်မပျော်ရသလဲဆိုတာ ရှာဖွေရမှာ ဖြစ်ပါတယ်။ တချို့က ကော်ဖီသောက်တာများသွားလို့၊ တချို့က လက်ဖက်တွေစားလိုက်မိလို့၊ တချို့က စိတ်ဖိစီးလို့၊ စိတ်ပူပန်မှုများလို့၊ အိပ်ရတဲ့ အိပ်ရာ၊ မွေ့ရာက ပြဿနာရှိလို့ စသဖြင့် အကြောင်းအမျိုးမျိုးရှိပါတယ်။ စိတ်ဖိစီးမှုများလို့၊ စိတ်ပူပန်မှုများလို့ အိပ်ရေးပျက်ရတာဆိုရင်တော့ အဲဒါတွေကို လျှော့ချဖို့ သင့်မှာ တာဝန်ရှိပါတယ်။

သင်အိပ်စက်တဲ့ မွေ့ရာက ပြဿနာရှိနေတာဆိုရင်တော့ ဒီပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ဖို့ Cozy Mattress က တာဝန်ယူပါရစေ…

Cozy မွေ့ရာနဲ့ဆို အိပ်ရေးပျက်မှာ ပူစရာမလိုတော့လို့ အိပ်ရေးပျက်ခြင်းကြောင့်ဖြစ်တဲ့ ပြဿနာတွေကို ကြောက်စရာမလိုတော့ဘူးပေါ့။

One thought on “အိပ်စက်မှုနည်းပါးခြင်းနဲ့ ဆက်စပ်နေတဲ့ပြဿနာများ

Leave a Reply

Your email address will not be published. Required fields are marked *

Latest Products

X