Sale!

Panaseima Zero-gravity space capsule massage chair PSM-1003G-2

Ks8,500,000.00 Ks7,650,000.00

တိမ်တွေပေါ်မှာ လွင့်နေတဲ့ခံစားချက်လေးနဲ့ လေထဲမှာ အိပ်ပျော်သွားချင်ရင် Panaseima Zero Gravity အနှိပ်ထိုင်ခုံလေးကိုသာ သုံးကြည့်လိုက်ပါ။

Compare

Description

တိမ်တွေပေါ်မှာ လွင့်နေတဲ့ခံစားချက်လေးနဲ့ လေထဲမှာ အိပ်ပျော်သွားချင်ရင် Panaseima Zero Gravity အနှိပ်ထိုင်ခုံလေးကိုသာ သုံးကြည့်လိုက်ပါ။

Panasaima Zero-gravity space capsule massage chair က အနှိပ်ခံနေရင်းနဲ့ လေထဲမှာ အိပ်ပျော်သွားသလို ခံစားချက်က လူကို အရမ်းကို ဇိမ်ကျစေပါတယ်။

Panasaima Zero-gravity space capsule massage chair ရဲ့ ကောင်းတဲ့အချက်က ပက်လက်လှန်လိုက်ရင် လေထဲမှာ လွင့်နေသလိုမျိုး ပေါ့ပါးတဲ့ခံစားမှုကို ခံစားရပြီး အနှိပ်ခုံဆိုတာထက် ဇိမ်ယူပြီး အိပ်လို့ရတဲ့ ပက်လက်ကုလားထိုင်အနေနဲ့လည်း သုံးလို့ ရပါတယ်။

နှိပ်တဲ့အခါ Auto ကတော့ နှိပ်ပုံနှိပ်နည်းမျိုးစုံရှိပြီး စက်က Auto နှိပ်ပေးသွားပါတယ်။ Auto မကြိုက်တဲ့သူတွေအတွက်တော့ Remote မှာ A1 ကနေ A8 အထိ ပါဝင်ပြီး Auto မကြိုက်သူတွေအတွက် မိမိနှိပ်ချင်တဲ့နေရာကို သီးသန့်ရွေးချယ်ပြီး လက်ဆိုလက်၊ ခါးဆိုခါး၊ ခြေထောက်ဆို ခြေထောက်၊ ဇက်ကြောဆို ဇက်ကြော၊ ကျောဆို ကျော သီးသန့်ရွေးချယ်ကာ ကြိုက်သလို အမျိုးမျိုး နှိပ်နယ်နိုင်ပါတယ်။ User friendly ဖြစ်တဲ့အတွက် ပုံလေးတွေ ကြည့်ပြီး နှိပ်ချင်တဲ့နေရာတွေ ရွေးနှိပ်လို့ရပါတယ်။

ဘယ်လိုနှိပ်နယ်ပေးသလဲ

လူနှိပ်သလို ခံစားမှုမျိုးရအောင် လုပ်ထားတဲ့အတွက် လက်နှိပ်တဲ့အခါမှာ တစ်ဖက်ပြီးမှ တစ်ဖက်နှိပ်ပေးပါတယ်။

နောက်ကျောဘက်ကို နှိပ်မယ်ဆိုရင်…

ကျောကို Roller လေးတွေနဲ့ ပခုံးကြောကနေ တင်ပါးအောက်ခြေ ပေါင်အထိ နှိပ်ပေးပါတယ်။
နှိပ်ပုံနှိပ်နည်းမျိုးစုံရှိပါတယ်။ လက်နဲ့ နှိပ်ချင်လား၊ ထုသလို နှိပ်ချင်သလား၊ ညင်ညင်သာသာ နှိပ်ချင်သလား၊ လက်ပုံစံလေးကို ကြည့်ပြီး ပုံစံမျိုးစုံ ပြောင်းလို့ ရပါတယ်။

ခြေထောက်ကို နှိပ်မယ်ဆိုရင်…

Calf Muscle လို့ခေါ်တဲ့ ခြေသလုံးသားကို နှိပ်တဲ့အခါ Airbag Massage ခေါ်တဲ့ ဘေးက လေအိတ်ကြီးတွေ ဖောင်းလာပြီး ဖိညှစ်တဲ့နည်းနဲ့ နှိပ်ပါတယ်။ ဖိညှစ်တဲ့နည်းနဲ့ နှိပ်တာ Roller ထက် ကောင်းတယ်။ ကြွက်သားတွေကိုမနာစေဘူး။ အရမ်းပြင်းထန်တဲ့ နှိပ်နည်းတော့ မဟုတ်ပါဘူး။ ဖိပြီး နှိပ်တာပါ။ အဲဒီ နှိပ်နည်းက ပိုပြီးတော့ Safe ဖြစ်ပါတယ်။ ခြေသလုံးကြွက်သားနေရာမှာ Roller ထည့်လိုက်ရင် ကြွက်သားတွေ ရောင်ရမ်းနာကျင်မှု ဖြစ်စေတာကြောင့် Airbag Massage နဲ့ နှိပ်တာက ပိုပြီး Safe ဖြစ်တာပါ။

ခြေဖဝါးကို နှိပ်မယ်ဆိုရင်…

ခြေဖဝါးမှာ Acupuncture Point တွေ ရှိပါတယ်။ အပ်စိုက်ရင် တစ်ကိုယ်လုံးကအကြောတွေကို ပြေစေတဲ့ Point လေးတွေကို နှိပ်တဲ့ပုံစံမျိုး ဒီထိုင်ခုံမှာ ထည့်သွင်းထားတာပါ။ ခြေဖဝါးကို ဒလိမ့်တုံးလေးတွေ၊ Roller လေးတွေနဲ့ နှိပ်ပေးတဲ့ ပုံစံမျိုးပါ။ တစ်ကိုယ်လုံးကို အကြောအခြင်တွေ ပြေစေပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။ ခြေဖဝါးမှာက နှိပ်နည်း နှစ်ခုရှိပါတယ်။ ခြေဖဝါးကို လက်နဲ့ ညှစ်ညှစ်ပြီး ဆုပ်ကိုင်ပြီး နှိပ်တဲ့ နှိပ်နည်းတစ်ခုလည်း ရှိပါသေးတယ်။

ပခုံးနှိပ်မယ်ဆိုရင် …

အမျိုးသားတွေအတွက် သင့်တော်တဲ့ Air Bag Massage နှိပ်နည်းရှိပါတယ်။ အဲဒီနည်းက ပခုံးကျဉ်းတဲ့ အမျိုးသမီးတွေအတွက်တော့ အဆင်မပြေပါဘူး။

လက်ကို နှိပ်မယ်ဆိုရင်…

လက်ကို နှိပ်ရင်လည်း လက်နှစ်ဖက်ကို ထည့်ထားရပြီး လက်မောင်းနဲ့ လက်ဖျံတွေကို
Airbag Massage နည်းနဲ့ နှိပ်ပေးတာ ဖြစ်ပါတယ်။

Infrared Heater ပါဝင်တဲ့အတွက်ကြောင့် အပူငွေ့ပေးပြီး အနှိပ်ခံချင်သူတွေအတွက်လည်း အဆင်ပြေပါတယ်။

Zero-gravity space capsule massage chair ရဲ့ ကောင်းကျိုးလေးတွေကတော့ …

Zero-gravity space capsule massage chair ဟာ တစ်ဦးတစ်ယောက်တည်း အဆင်ပြေအောင် ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ အားလုံးအဆင်ပြေအောင် ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ပေါင်ချိန် ၁၂၀ ကနေ ပေါင်ချိန် ၂၀၀ လောက်အထိ လူတွေအတွက်က လုံး၀ကို အဆင်ပြေပါတယ်။ ဒီအနှိပ်ခုံကို အသုံးပြုခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေ အများကြီးရှိပါတယ်။

– သွေးလှည့်ပတ်မှုကောင်းခြင်း
– စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိတ်ပူပန်သောကကို ပြေလျော့စေခြင်း
– အင်န်ဒိုဖင်န်ဓာတ်ထုတ်လုပ်မှုကု တိုးမြင့်စေတာကြောင့် စိတ်ခံစားမှုအားကောင်းခြင်း၊ စိတ်နဲ့ကိုယ် တစ်သားတည်းဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်ပါ ပေါ့ပါးသွက်လက်စေခြင်း
– အကြောအခြင်ပြေခြင်း
– ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြွက်သားများ ပြေလျော့စေခြင်း
– ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးစေခြင်း
– အိပ်ရေးပျက်တတ်သူများ၊ အိပ်စက်မှု မူမမှန်သူများအတွက် အိပ်ချိန်ပုံမှန်ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုကို လျှင်မြန်စွာ ရရှိနိုင်ခြင်း
– သက်ကြီးရွယ်အိုများအတွက် ဦးနှောက်အာရုံကြောကို relax ဖြစ်စေပြီး မှတ်ဉာဏ်လျော့ပါးမှု ပြဿနာကို ကာကွယ်နိုင်ခြင်း
– နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ပေးခြင်း
– ခါးအောက်ပိုင်း ကိုက်ခဲနာကျင်မှုကို ကာကွယ်ပေးနိုင်ခြင်း
– စိတ်ပူပန်မှုများလို့ ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ ကွန်ပျူတာအကြည့်များလို့ဖြစ်တဲ့ ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်းများကို သက်သာစေခြင်း
– တီထွင်ဖန်တီးနိုင်စွမ်းအား မြင့်မားခြင်း
– ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာနိုင်သော ဗိုင်းရပ်စ်များ ဝင်ရောက်ခြင်း၊ နှာရည်ယို နှာစေးခြင်း၊ နှာချေခြင်း၊ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဓာတ်မတည့်ခြင်းတို့ကို ကာကွယ်ပေးနိုင်ခြင်း။

အကျိုးကျေးဇူးတွေအများကြီးရှိပြီး တကယ်အသုံးတည့်တဲ့အတွက် တစ်နေကုန် မနားတမ်းအလုပ်လုပ်နေရတဲ့သူတစ်ယောက်အတွက် တစ်မိသားစုလုံးသုံးလို့ရတဲ့ ဒီ Panasaima Zero-gravity space capsule massage chair က လိုကိုလိုအပ်တယ်ဆိုတာ သူ့ရဲ့ ကောင်းကျိုးလေးတွေ ဖတ်ကြည့်ပြီး သိလောက်ပြီ ထင်ပါရဲ့။

Panasaima Zero-gravity space capsule massage chair ကို Warranty အနေနဲ့ motor and circuit board လိုစက်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် သုံးနှစ်အာမခံပေးပါတယ်။ ဒါပေမဲ့ User Fault ကြောင့် ဖြစ်သွားတဲ့ ထိုင်ခုံပြဲတာ စုတ်တာလိုမျိုး ပျက်စီးယိုယွင်းမှုကိုတော့ အာမခံ မပေးပါဘူးရှင်။ ဒါပေမဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ၊ လိုအပ်တဲ့ accessories ပစ္စည်း အစိတ်အပိုင်းများကို authorized distributor ဖြစ်တဲ့ Cozy မှ တာဝန်ယူ တင်သွင်းပေးတဲ့အတွက် service ပိုင်းမှာလည်း စိတ်ပူစရာ မရှိပါဘူးရှင်။

ဝယ်ယူချင်တယ်ဆိုရင် Cozy Main Showroom အမှတ် ၉၂၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မှာ လာရောက်စမ်းသပ်ကြည့်ရှုဝယ်ယူနိုင်သလို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါဆိုရင်လည်း အိမ်တိုင်ရာရောက် လာရောက်တပ်ဆင်ပေးပြီး အသုံးပြုနည်းကိုလည်း သေချာရှင်းပြပေးပါမယ်ရှင်။

စျေးနှုန်းအနေနဲ့ အခုလက်ရှိမှာ ၁၀% လျှော့ပေးထားတာမို့ မူရင်းစျေး ၈၅ သိန်းကို ၇၆ သိန်း ၅ သောင်းနဲ့ ရမှာပါရှင်။

Reviews

There are no reviews yet.

Be the first to review “Panaseima Zero-gravity space capsule massage chair PSM-1003G-2”

Your email address will not be published. Required fields are marked *

You may also like…