Panaseima Zero-gravity space capsule massage chair 1003Q
Ks2,300,000.00 Ks2,070,000.00
Zero-gravity space capsule massage chair ဟာ တစ်ဦးတစ်ယောက်တည်း အဆင်ပြေအောင် ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ အားလုံးအဆင်ပြေအောင် ထုတ်လုပ်ထားတဲ့အတွက် ဘယ်သူသုံးသုံးအဆင်ပြေပါတယ်။
Description
ပထမဆုံး တစ်လအတွင်း ဝယ်သူတွေကို ၁၀%လျှော့ပေးမှာ…။ စျေးနှုန်းက မူရင်းစျေး ၂၃ သိန်းကို ၁၀%လျှော့ပြီး ယခု ၂၀ သိန်း ၇ သောင်းကျပ်ပါ။
အခု ဝယ်ထားရင် စျေးက အရမ်းကို သက်သာနေတာဆိုတော့ အိမ်မှာ လူကြီးမိဘတွေကို ဝယ်ကန်တော့ချင်တဲ့ သူတွေအတွက်လည်း အဆင်ပြေ၊ အလုပ်အရမ်းပင်ပန်းလို့ ခဏခဏမာဆတ်သွားနေရတဲ့သူတွေလည်း ကိုယ်တိုင်ကိုယ်ကျ အိမ်မှာပဲ ကားဆီဖိုးမကုန်၊ ၀ူဟန်ကြောက်စရာမလိုဘဲ အိမ်မှာပဲ ဇိမ်ယူလို့ ရ… ဘယ်လောက်ကောင်းသလဲနော်…။
ဝယ်ပြီးတော့ မသုံးတတ်မှာစိုးလို့ သုံးတဲ့နည်းလေးလည်း ပြောပေးဦးမှာ…။
ကောင်းတဲ့အချက်က ပက်လက်လှန်လိုက်ရင် လေထဲမှာ လွင့်နေသလိုမျိုး ပေါ့ပါးတဲ့ခံစားမှုကို ခံစားရပြီး အနှိပ်ခုံဆိုတာထက် ဇိမ်ယူပြီး အိပ်လို့ရတဲ့ ပက်လက်ကုလားထိုင်အနေနဲ့လည်း သုံးလို့ ရပါတယ်။
နှိပ်တဲ့အခါ ပထမအနှိပ်ခုံလိုမျိုးပဲ Auto ကတော့ နှိပ်ပုံနှိပ်နည်းမျိုးစုံရှိပြီး စက်က Auto နှိပ်ပေးသွားပါတယ်။ Auto မကြိုက်တဲ့သူတွေအတွက်တော့ Remote မှာ A1 ကနေ A8 အထိ ပါဝင်ပြီး Auto မကြိုက်သူတွေအတွက် မိမိနှိပ်ချင်တဲ့နေရာကို သီးသန့်ရွေးချယ်ပြီး လက်ဆိုလက်၊ ခါးဆိုခါး၊ ခြေထောက်ဆို ခြေထောက်၊ ဇက်ကြောဆို ဇက်ကြော၊ ကျောဆို ကျော သီးသန့်ရွေးချယ်ကာ ကြိုက်သလို အမျိုးမျိုး နှိပ်နယ်နိုင်ပါတယ်။ User friendly ဖြစ်တဲ့အတွက် ပုံလေးတွေ ကြည့်ပြီး နှိပ်ချင်တဲ့နေရာတွေ ရွေးနှိပ်လို့ရပါတယ်။
ဘယ်လိုနှိပ်နယ်ပေးသလဲ
လူနှိပ်သလို ခံစားမှုမျိုးရအောင် လုပ်ထားတဲ့အတွက် လက်နှိပ်တဲ့အခါမှာ တစ်ဖက်ပြီးမှ တစ်ဖက်နှိပ်ပေးပါတယ်။
နောက်ကျောဘက်ကို နှိပ်မယ်ဆိုရင်…
ကျောကို Roller လေးတွေနဲ့ ပခုံးကြောကနေ တင်ပါးအောက်ခြေ ပေါင်အထိ နှိပ်ပေးပါတယ်။
နှိပ်ပုံနှိပ်နည်းမျိုးစုံရှိပါတယ်။ လက်နဲ့ နှိပ်ချင်လား၊ ထုသလို နှိပ်ချင်သလား၊ ညင်ညင်သာသာ နှိပ်ချင်သလား၊ လက်ပုံစံလေးကို ကြည့်ပြီး ပုံစံမျိုးစုံ ပြောင်းလို့ ရပါတယ်။
ခြေထောက်ကို နှိပ်မယ်ဆိုရင်…
Calf Muscle လို့ခေါ်တဲ့ ခြေသလုံးသားကို နှိပ်တဲ့အခါ Airbag Massage ခေါ်တဲ့ ဘေးက လေအိတ်ကြီးတွေ ဖောင်းလာပြီး ဖိညှစ်တဲ့နည်းနဲ့ နှိပ်ပါတယ်။ ဖိညှစ်တဲ့နည်းနဲ့ နှိပ်တာ Roller ထက် ကောင်းတယ်။ ကြွက်သားတွေကိုမနာစေဘူး။ အရမ်းပြင်းထန်တဲ့ နှိပ်နည်းတော့ မဟုတ်ပါဘူး။ ဖိပြီး နှိပ်တာပါ။ အဲဒီ နှိပ်နည်းက ပိုပြီးတော့ Safe ဖြစ်ပါတယ်။ ခြေသလုံးကြွက်သားနေရာမှာ Roller ထည့်လိုက်ရင် ကြွက်သားတွေ ရောင်ရမ်းနာကျင်မှု ဖြစ်စေတာကြောင့် Airbag Massage နဲ့ နှိပ်တာက ပိုပြီး Safe ဖြစ်တာပါ။
ပခုံးနှိပ်မယ်ဆိုရင် …
Air Bag Massage နှိပ်နည်းနဲ့ နှိပ်လို့ရပါတယ်။
လက်ကို နှိပ်မယ်ဆိုရင်..
လက်ကို နှိပ်ရင်လည်း လက်နှစ်ဖက်ကို ထည့်ထားရပြီး လက်မောင်းနဲ့ လက်ဖျံတွေကို
Airbag Massage နည်းနဲ့ နှိပ်ပေးတာ ဖြစ်ပါတယ်။
ကောင်းကျိုးလေးတွေကတော့ …
Zero-gravity space capsule massage chair ဟာ တစ်ဦးတစ်ယောက်တည်း အဆင်ပြေအောင် ထုတ်လုပ်ထားတာ မဟုတ်ပါဘူး။ အားလုံးအဆင်ပြေအောင် ထုတ်လုပ်ထားတဲ့အတွက် ဘယ်သူသုံးသုံးအဆင်ပြေပါတယ်။ အနှိပ်ခုံလေးကို အသုံးပြုခြင်းဖြင့် ရရှိနိုင်တဲ့အကျိုးကျေးဇူးလေးတွေ အများကြီးရှိပါတယ်။
✅သွေးလှည့်ပတ်မှုကောင်းခြင်း
✅စိတ်ဖိစီးမှုကို လျော့ကျစေနိုင်ပြီး စိတ်ပူပန်သောကကို ပြေလျော့စေခြင်း
✅အင်န်ဒိုဖင်န်ဓာတ်ထုတ်လုပ်မှုကု တိုးမြင့်စေတာကြောင့် စိတ်ခံစားမှုအားကောင်းခြင်း၊ စိတ်နဲ့ကိုယ် တစ်သားတည်းဖြစ်ပြီး စိတ်သွားတိုင်း ကိုယ်ပါ ပေါ့ပါးသွက်လက်စေခြင်း
✅အကြောအခြင်ပြေခြင်း
✅ခန္ဓာကိုယ်တစ်ခုလုံးရဲ့ ကြွက်သားများ ပြေလျော့စေခြင်း
✅ပင်ပန်းနွမ်းနယ်မှုကို လျော့ပါးစေခြင်း
✅အိပ်ရေးပျက်တတ်သူများ၊ အိပ်စက်မှု မူမမှန်သူများအတွက် အိပ်ချိန်ပုံမှန်ဖြစ်စေပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှုကို လျှင်မြန်စွာ ရရှိနိုင်ခြင်း
✅သက်ကြီးရွယ်အိုများအတွက် ဦးနှောက်အာရုံကြောကို relax ဖြစ်စေပြီး မှတ်ဉာဏ်လျော့ပါးမှု ပြဿနာကို ကာကွယ်နိုင်ခြင်း
✅နှလုံးသွေးကြောကျန်းမာရေးကို မြှင့်တင်ပေးခြင်း
✅ခါးအောက်ပိုင်း ကိုက်ခဲနာကျင်မှုကို ကာကွယ်ပေးနိုင်ခြင်း
✅စိတ်ပူပန်မှုများလို့ ဖြစ်တဲ့ ခေါင်းကိုက်ခြင်း၊ ကွန်ပျူတာအကြည့်များလို့ဖြစ်တဲ့ ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်းများကို သက်သာစေခြင်း
✅တီထွင်ဖန်တီးနိုင်စွမ်းအား မြင့်မားခြင်း
✅ကိုယ်ခံအားစနစ်မြှင့်တင်ပေးနိုင်ခြင်းကြောင့် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာနိုင်သော ဗိုင်းရပ်စ်များ ဝင်ရောက်ခြင်း၊ နှာရည်ယို နှာစေးခြင်း၊ နှာချေခြင်း၊ချောင်းဆိုးခြင်း၊ ဖျားနာခြင်း၊ ဓာတ်မတည့်ခြင်းတို့ကို ကာကွယ်ပေးနိုင်ခြင်း။
Warranty
Panasaima Zero-gravity space capsule massage chair 1003Q ကိုလည်း Warranty အနေနဲ့ motor and circuit board လိုစက်ပိုင်းဆိုင်ရာချို့ယွင်းမှုအတွက် သုံးနှစ်အာမခံပေးပါတယ်။ ဒါပေမဲ့ User Fault ကြောင့် ဖြစ်သွားတဲ့ ထိုင်ခုံပြဲတာ စုတ်တာလိုမျိုး ပျက်စီးယိုယွင်းမှုကိုတော့ အာမခံ မပေးပါဘူးရှင်။ ဒါပေမဲ့ ပျက်စီးသွားတဲ့ အစိတ်အပိုင်းတွေ၊ လိုအပ်တဲ့ accessories ပစ္စည်း အစိတ်အပိုင်းများကို authorized distributor ဖြစ်တဲ့ Cozy မှ တာဝန်ယူ တင်သွင်းပေးတဲ့အတွက် service ပိုင်းမှာလည်း စိတ်ပူစရာ မရှိပါဘူးရှင်။
ဝယ်ယူချင်တယ်ဆိုရင် Cozy Main Showroom အမှတ် ၉၂၊ သမိန်ဗရမ်းလမ်း၊ တာမွေမြို့နယ်၊ ရန်ကုန်မှာ လာရောက်စမ်းသပ်ကြည့်ရှုဝယ်ယူနိုင်သလို အိမ်တိုင်ရာရောက်ပို့ဆောင်ပေးပါဆိုရင်လည်း အိမ်တိုင်ရာရောက် လာရောက်တပ်ဆင်ပေးပြီး အသုံးပြုနည်းကိုလည်း သေချာရှင်းပြပေးပါမယ်ရှင်။
You may also like…
-
Panaseima Foot Massage
Ks380,000.00Ks340,000.00 -
Panaseima Zero-gravity space capsule massage chair PSM-1003G-2
Ks8,500,000.00Ks7,650,000.00
Reviews
There are no reviews yet.