Sale!

Panaseima Foot Massage

Ks380,000.00 Ks340,000.00

ဒီစျေးနဲ့ဆိုတော့ အိမ်မှာ ဝယ်ထားပြီး အလုပ်က ပြန်လာတိုင်း ခြေဖဝါးလေးတွေ နှိပ်နယ်ပေးရင် လုံး၀ကို ဇိမ်ရှိသလို အကျိုးကျေးဇူးတွေလည်း အများကြီးရမှာပါ။

Compare

Description

Wooooow! ၃ သိန်း ၄ ထောင်နဲ့ ရမယ်ဆိုပါလား!

သုံးသိန်းစွန်းစွန်းလေးနဲ့ ပိုင်ဆိုင်ခွင့်ရမယ့် ကျန်းမာရေးအတွက် အကျိုးရှိတဲ့ Panaseima Foot Massage လေး အသစ်ရောက်ပါတယ် ချစ်တို့ရေ…။

သုံးသိန်းရှစ်သောင်းကို ဒီမတ်လကုန်အထိ ၂၀% လျှော့ပေးထားလို့ သုံးသိန်းလေးထောင်နဲ့ ရမှာနော်။ ဒီစျေးနဲ့ဆိုတော့ အိမ်မှာ ဝယ်ထားပြီး အလုပ်က ပြန်လာတိုင်း ခြေဖဝါးလေးတွေ နှိပ်နယ်ပေးရင် လုံး၀ကို ဇိမ်ရှိသလို အကျိုးကျေးဇူးတွေလည်း အများကြီးရမှာပါ။

ဘာကြောင့်လဲဆိုတော့ ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အကြောတွေကိုပြေစေတဲ့ Point လေးတွေဟာ ခြေဖဝါးမှာ ရှိပါတယ်။ တရုတ်အပ်စိုက်ကုထုံးတွေမှာဆိုရင် အပ်စိုက်လိုက်ရင် တစ်ကိုယ်လုံးက အကြောတွေကို ပြေစေတဲ့ အဲဒီ Point လေးတွေနေရာကို အဓိကထားပြီး စိုက်တာပါ။
ဒီခြေဖဝါးနှိပ်စက်လေးဟာလည်း အဲဒီပွိုင့်လေးတွေကို အဓိကထားပြီး ခြေဖဝါးကို ဒလိမ့်တုံးလေးတွေ၊ Roller လေးတွေနဲ့ နှိပ်ပေးတဲ့ပုံစံမျိုးနဲ့ နှိပ်ပေးပါတယ်။
– တစ်ကိုယ်လုံးကို အကြောအခြင်တွေ ပြေစေပြီး သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။
ဒါ့အပြင်
– အညောင်းအညာပြေစေပြီး ကြွက်သားတင်းရင်းနာကျင်မှုတွေနဲ့ အရွတ်နာတာတွေကို ပြေလျော့စေပါတယ်။
– ခြေသလုံးကြွက်သားနာကျင်မှုကြောင့် ကြာကြာမရပ်နိုင်ဘဲ ထုံကျင်တဲ့ဒဏ်ကိုလည်း လျော့ပါးစေပါတယ်။
– ခြေဖဝါးမှာ ခြေဆီ အနံ့ဆိုးထွက်တာကိုလည်း ပျောက်စေပါတယ်။
– အဓိကကတော့ တစ်နေကုန်ပင်ပန်းနွမ်းနယ်သမျှကို သက်သာစေပြီး ကောင်းကောင်း အိပ်ပျော်စေပါတယ်။

အရင်ကတော့ Shopping Center တွေမှာ သွားသွားနှိပ်ကြတယ်လေ.. ကလေးထိန်းရင်းနဲ့ပေါ့။ ခုတော့ ဒီစျေးလေးနဲ့ဆိုတော့ အိမ်မှာ ဝယ်ထားပြီး နေ့တိုင်းသာ ဇိမ်ယူပေတော့.. အပြင်ထွက်ရင် ဟိုရောဂါဒီရောဂါတွေကလည်း ကြောက်ရသေးတယ်မဟုတ်လား… လူစုလူဝေးတွေထဲ မသွားရဘူးဆိုတော့ ဒီ Foot Massage လေး အိမ်မှာ ဝယ်ထားတော့ အတော်ပဲပေါ့။

Reviews

There are no reviews yet.

Be the first to review “Panaseima Foot Massage”

Your email address will not be published. Required fields are marked *

You may also like…