Cozy Royal Foldable Mattress
Ks342,000.00 – Ks5,955,000.00
Cozy Royal Mattress ကတော့ တကယ့်ကို Luxury Type Premium Quality ဖြစ်ပါတယ်။ အထူအားဖြင့် ၁၃ လက်မ ရှိပါတယ်။
Description
Cozy Royal Mattress ကတော့ တကယ့်ကို Luxury Type Premium Quality ဖြစ်ပါတယ်။ အထူအားဖြင့် ၁၃ လက်မ ရှိပါတယ်။ သူ့မှာလည်း Pocket စပရိန်ကို သုံးထားပါတယ်။ အထဲမှာ Convoluted Foam နဲ့ Cooling Gel ပါဝင်တဲ့ Memory Foam ကို သုံးထားတဲ့အတွက် အိပ်တဲ့အခါ အေးမြမှု၊ နူးညံ့မှုနဲ့အတူ အသုံးပြုထားတဲ့ စပရိန်ရဲ့ တောင့်တင်းခိုင်မာမှုကို ရရှိခံစားရစေမှာ အသေအချာပါပဲ။ ဒါ့အပြင် အိပ်တဲ့သူရဲ့ ခါးအနေအထား၊ ခန္ဓာကိုယ်အနေအထားအလိုက် ပုံစံအနေအထားကို ပြုပြင်ပေးတာမို့ ခါးနာခြင်းကို လုံး၀ မဖြစ်စေပါဘူး။
Cozy Royal Mattress ရဲ့ ထူးခြားချက်ထဲမှာ Pillow Top ဆိုတဲ့ ဇိမ်ခံပြီး အိပ်လို့ရတဲ့ အလွှာလေး တစ်လွှာ အပေါ်ယံမှာ ထည့်သွင်းထားပါတယ်။
ဒီ Cozy Royal Mattress ရဲ့ အပေါ်က အသားကို Tencel fabric နဲ့ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ဒါကြောင့် အိပ်စက်တဲ့အခါ နူးညံ့အိစက်မှုအထိအတွေ့နဲ့ အေးမြလန်းဆန်းတဲ့ခံစားမှုကိုပါ တစ်ပြိုင်တည်းပေးစွမ်းနိုင်မှာဖြစ်တဲ့အပြင် အရောင်အသွေးတောက်ပရွှန်းစိုမှုမှာလည်း ထိပ်တန်းအဆင့်ကို ရရှိစေပါတယ်။
Tencel or Lyocell fabric ရဲ့ နူးညံ့အိစက်တဲ့အထိအတွေ့၊ အေးမြလန်းဆန်းတဲ့ခံစားမှုက Cozy Royal Mattress ရဲ့ ထူးခြားချက်ပါ။
Tencel fabric ရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုကတော့ Eco friendly လို့ခေါ်တဲ့ သဘာဝပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေဖြစ်မှုမှာ တခြား Fabric တွေထက်အများကြီးသာပါတယ်။ Tencel ကို ထုတ်လုပ်ခြင်း၊ စွန့်ပစ်ခြင်းစတာတွေမှာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု တော်တော်လေးကို နည်းပါတယ်။
Cozy Royal Mattress ရဲ့ စျေးနှုန်းကတော့ ၅၉၅၀၀၀ ကျပ်ပါ။
Reviews
There are no reviews yet.