Cozy Pillow

Ks15,000.00

Cozy Pillow လေးတွေဟာ polyester ကို အသုံးပြုထားတာကြောင့် အိပ်စက်မှုတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ရရှိစေမှာပါ။

Compare
Categories: ,

Description

Cozy Pillow လေးတွေဟာ polyester ကို အသုံးပြုထားတာကြောင့် အိပ်စက်မှုတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ရရှိစေမှာပါ။

Polyester ဆိုတာက လူတွေ တီထွင်ထားတဲ့ဒြပ်ပါပဲ။ Polyester မရှိခင်က လူတွေက နိုင်လွန်သားကို အသုံးပြုကြတယ်။ အဝတ်အစားတွေ၊ ခေါင်းအုံးတွေ၊ အခင်းတွေ စသဖြင့်ပေါ့။ နောက်ပိုင်းမှာ Polyester Fabric ကို တီထွင်ပြီးတဲ့နောက်မှာ သူ့ရဲ့ကောင်းကျိုးတွေအများကြီးရှိလို့ လူကြိုက်များလာခဲ့ပါတယ်။ Polyester ကို ဓာတုနည်းနဲ့ အက်စတာ ဒိုင်ဟိုက်ဒရစ်၊ အယ်လ်ကိုဟောနဲ့ တယ်ရီဖက်တလစ်အက်ဆစ်တို့ အနည်းဆုံး ၈၅% ပါဝင် ဖွဲ့စည်းထားတဲ့ ပေါ်လီမာလို့ သတ်မှတ်ထားတာတွေ့ရပါတယ်။

ဘယ်လိုကောင်းကျိုးတွေရှိပါသလဲ။

✅အဓိကကတော့ Polyester တွေက ကျုံ့ခြင်း၊ တွန့်ခြင်း နည်းပြီး မကြာခဏလျှော်ဖွပ်လို့ရတဲ့အပြင် မူလအရောင်ကို မပျက်စီးစေတာပါပဲ။

✅အမြန်ခြောက်သွေ့လွယ်ပါတယ်။ သူက ချည်သားနဲ့မတူဘဲ ရေကို စုပ်ယူထားခြင်း မရှိတာကြောင့် စိုထိုင်းဆမြင့်မားတဲ့နေရာဒေသတွေ၊ အစိုဓာတ်များတဲ့ ရာသီတွေမှာ အသုံးပြုဖို့ သင့်တော်ပါတယ်။

✅ခေါက်ရိုးကျိုးရာလည်း အထင်နည်းပြီး တွန့်ကြေတာတွေလည်း နည်းပါးတာကြောင့် ခေါင်းအုံးတွေမှာ သုံးတဲ့အခါ ခေါက်ရိုးကျိုးရာတွေ၊ ဖိထားတဲ့အရာတွေထင်ပြီး ရုပ်ဆိုးမနေတော့ဘူးပေါ့။

✅ဒီနေ့ခေတ်မှာ Polyester ကို အသုံးပြုပြီး အင်္ကျီတွေ၊ အဝတ်အထည်တွေအပြင် အားကစားဝတ်စုံတွေပါ ချုပ်လုပ်အသုံးပြုနေကြတာ တွေ့ရပါတယ်။

✅နိုင်လွန်သားလိုလည်း ပူတာမျိုး မရှိဘဲ လေဝင်လေထွက်ကောင်းတဲ့ Pattern လေးတွေနဲ့ ထုတ်လုပ်ထားတာမို့ အသားအေးသလို ချည်သားတွေထက် တာရှည်ခံပါတယ်။

Cozy ရဲ့ ခေါင်းအုံးလေးတွေမှာ အဲဒီလိုကောင်းကျိုးတွေ အပြည့်အ၀ပါဝင်တဲ့ Polyester ကို အသုံးပြုထားတာကြောင့် Cozy ခေါင်းအုံးလေးတွေနဲ့ အုံးပြီး အိပ်စက်မယ်ဆိုရင် Polyester ရဲ့ ကောင်းကျိုးတွေကို အကုန်လုံး ရရှိစေနိုင်မှာမို့ အိပ်စက်မှုတွေကို အနှောင့်အယှက်ကင်းကင်းနဲ့ ရရှိစေမှာ သေချာပြီလေ။

Reviews

There are no reviews yet.

Be the first to review “Cozy Pillow”

Your email address will not be published. Required fields are marked *

You may also like…