နေ့စဉ်သုံးပစ္စည်းတွေကို အမြဲမသုံးဘဲ လဲလှယ်သုံးစွဲပါ

နေ့စဉ်သုံး ပစ္စည်းတွေကို ဘာကြောင့် တစ်ခါဝယ်ပြီး တစ်သက်လုံး မသုံးသင့်သလဲဆိုတာ Cozy ချစ်သူတို့ကို ပြောပြမယ်နော်။

ကိုယ်နေ့တိုင်း သုံးစွဲနေတဲ့ သွားပွတ်တံ၊ မျက်နှာသုတ်ပဝါ၊ အိပ်ရာခင်းတွေ၊ ခေါင်းအုံးစွပ်တွေ၊ စောင်တွေနဲ့ ညဝတ်အင်္ကျီတွေကို သန့်ရှင်းအောင် ဘယ်လောက်ပဲ လျှော်ဖွပ်ဝတ်ဆင်ပါစေ… အချိန်အတိုင်းအတာ တစ်ခုအတွင်းမှာတော့ လဲလှယ်သုံးစွဲကြရပါတယ်။ အဲဒီအသုံးအဆောင်ပစ္စည်းတွေ မသန့်ရှင်းတဲ့အခါ ဓာတ်မတည့်ခြင်း၊ အသားအရေယားယံခြင်းတို့လို အရေပြားကျန်းမာရေး၊ ကိုယ်ခံအားစနစ်နဲ့ပတ်သက်တဲ့ ကျန်းမာရေး၊ နှာစေးခြင်း၊ ရင်ကျပ်ချောင်းဆိုးခြင်း၊ ချွဲကပ်ခြင်းလို အသက်ရှူလမ်းကြောင်းနဲ့ပတ်သက်တဲ့ကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။

အိပ်ရာခင်း

အတော်များများက မေ့သလောက်ရှိမှ အိပ်ရာခင်းကို လဲလှယ်တတ်ကြတာပါ။ များသောအားဖြင့် မေ့လောက်ရှိမှ လဲလှယ်တတ်တာပေါ့။ တကယ်တော့ အိပ်ရာခင်းတွေက ခန္ဓာကိုယ်ကဆဲလ်တွေနဲ့ အချိန်အကြာဆုံး ထိတွေ့ရတတ်တဲ့အရာဖြစ်ပြီး ခန္ဓာကိုယ်က အလိုအလျောက် ထွက်လာတဲ့ ဆဲလ်သေတွေ၊ ဗက်တီးရီးယားတွေက ကပ်ငြိတွယ်နေနိုင်ဆုံးနေရာလည်း ဖြစ်ပါတယ်။ နွေးပြီး စိုစွတ်တဲ့ပတ်ဝန်းကျင်က ဖုန်ကနေ ပိုးမွှားတွေ ပျော်တဲ့နေရာဖြစ်ပါတယ်။ သူတို့ရဲ့ စွန့်ပစ်အညစ်အကြေးတွေကြောင့် အသားအရေမှာ ဓာတ်မတည့်တာတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ဒါကြောင့် တစ်ပတ်တစ်ခါ အိပ်ရာခင်းကို လျှော်ဖွပ်လဲလှယ်ပေးပါ။ အိပ်ခန်းကို လေဝင်လေထွက်ကောင်းအောင်၊ နေရောင်ခြည် ထိတွေ့မှုရှိအောင် ထားပေးပါ။ အခန်းတွင်းက လေထုစိုထိုင်းဆကို လျှော့ချပေးရာရောက်သလို အခန်းတွင်းမှာ အနံ့အသက်လည်း ကောင်းစေပါတယ်။ အိပ်ရာခင်းတွေ လဲလှယ်သုံးစွဲမယ်ဆိုရင်တော့ အသားလည်း အေးတဲ့ အီဂျစ်ချည်သားကို သုံးထားတဲ့ Cozy အိပ်ရာခင်းလေးတွေကို စျေးနှုန်းသက်သက်သာသာနဲ့ ဝယ်ယူသုံးစွဲနိုင်ပါတယ်နော်။

ညဝတ်အင်္ကျီ

ညဝတ်အင်္ကျီတွေဟာလည်း အရေပြားက ကွာကျတဲ့ ဆဲလ်သေတွေနဲ့ ပြည့်နှက်နေတတ်ပါတယ်။ တချို့က ညဝတ်အင်္ကျီဆိုတာ ညဘက်မှ ဝတ်တာ လျှော်ဖို့ မလိုဘူးဆိုပြီး အဝတ်ဗီရိုထဲ ချိတ်နဲ့‌ပြန်ပြန်ချိတ်ထားတတ်ပါတယ်။ အဲဒီအခါ ဆဲလ်သေတွေက ပိုမိုများလာပြီး ဆဲလ်သေတွေက ပေါက်ပွားလာတဲ့ ဗက်တီးရီးယားတွေဟာ ဆီးလမ်းကြောင်းကို ဝင်ရောက်သွားနိုင်ပါတယ်။ အဲဒီအခါ ဆီးအိမ်ရောင်ရမ်းခြင်း၊ ဆီးလမ်းကြောင်း ပိုးဝင်ခြင်းတွေ ဖြစ်ပွားစေနိုင်ပါတယ်။ ညဝတ်အင်္ကျီတွေကို ၃၀- ၄၀ ဒီဂရီအပူချိန်ရှိတဲ့ ရေမှာ လျှော်ဖွပ်ရပါမယ်။ ဆပ်ပြာကိုသုံးတဲ့အခါမှာလည်း Oxygen Bleach Active ဆပ်ပြာသုံးပါ။

ခေါင်းအုံးစွပ်

ခေါင်းအုံးစွပ်ကို လဲလှယ်တာ၊ လျှော်ဖွပ်တာမလုပ်ဘဲ သုံးစွဲတဲ့အခါ ဓာတ်မတည့်တာ၊ နှာစေးတာ၊ မျက်ကြည်လွှာ ရောင်ရမ်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်တွေကို တစ်ပတ်တစ်ခါ လျှော်ဖွပ်လဲလှယ်သုံးစွဲပါ။ ခေါင်းအုံးစွပ်တွေကို လျှော်တဲ့အခါ အပူချိန် ၂၅ – ၃၅ ဒီဂရီရှိတဲ့ ရေနွေးနဲ့ စိမ်လျှော်ပါ။ ဆပ်ပြာအများကြီး မသုံးပါနဲ့။ ဆပ်ပြာပြောင်အောင် လျှော်ပါ။ နေကောင်းကောင်းရအောင် လှန်းပါ။

သွားပွတ်တံ

သွားပွတ်တံတွေမှာ တုပ်ကွေးဗိုင်းရပ်စ်နဲ့ တခြားဗက်တီးရီးယားတွေ ပေါက်ပွားနေထိုင်နိုင်ပါတယ်။ အသည်းရောင် အသားဝါ စီပိုးတောင် တွယ်ကပ်နေနိုင်ပါတယ်။ အဲဒါကြောင့် တစ်ကိုယ်ရေသုံးပစ္စည်းတွေကို အများသူငါနဲ့ ဝေမျှသုံးစွဲတာကို ရှောင်သင့်ပါတယ်။ သွားတိုက်တံတစ်ချောင်းကို ၃ လထက် ပိုမသုံးပါနဲ့။ အသုံးပြုပြီးရင် သေချာဆေးကြောပြီး ထောင်လျက် သိမ်းဆည်းပါ။

ဘီး

ဘီးတွေကိုလည်း ၃ လ တစ်ခါ လဲပေးသင့်ပါတယ်။ ဘီးကို ပုံမှန်မဆေးကြောဘဲ ကြေးအထပ်ထပ်နဲ့ သုံးစွဲတဲ့အခါ ဦးရေပြား မှိုစွဲတာ၊ သန်းစွဲတာ၊ ဗောက်ထတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဘီးတွေကို တစ်ပတ်တစ်ခါ ဆေးကြော သုံးစွဲပါ။ သူများနဲ့ ဝေမျှ မသုံးစွဲပါနဲ့။ မိသားစု ၅ ယောက်ရှိတာ ၅ ချောင်းထားရမှာလားဆိုရင် ထားသင့်တယ်လို့ ပြောပါရစေ…

ဆိုဖာအစွပ်တွေ

ဆိုဖာအစွပ်တွေကိုလည်း တစ်ပတ် တစ်ခါ လျှော်ပါ။ ခြေထောက်တင်ထိုင်လိုက်၊ ခွေးလေးတွေ၊ ကြောင်လေးတွေ မွေးထားရင် သူတို့က တက်ဆော့လိုက်နဲ့ ဆိုဖာအစွပ်တွေမှာလည်း ကြေးအထပ်ထပ်၊ ဖုန်အလိမ်းလိမ်း၊ သဲတရှပ်ရှပ်ပါ။ ဒါကြောင့် ဗက်တီးရီးယားပိုးတွေ ရှိတယ်လို့ မမြင်ရလို့ပဲဖြစ်ဖြစ်၊ မသိလို့ပဲဖြစ်ဖြစ် မလျှော်ဘဲသုံးစွဲမယ်ဆိုရင်တော့ အရပွေားပွဿနာတှေ ဖွစျလာတတျပါတယျ။

Cozy ချစ်သူတို့လည်း အသားအရေပြဿနာ၊ အသက်ရှူလမ်းကြောင်းပြဿနာနဲ့ တခြားကျန်းမာရေး ပြဿနာတွေ မဖြစ်ရအောင် လဲလှယ်သုံးစွဲသင့်တဲ့အသုံးအဆောင်တွေကို မနှမြောဘဲ လဲလှယ်သုံးစွဲပါ၊ မပျင်းမရိဘဲ လျှော်ဖွပ်သန့်စင်ပါလို့ အကြံပေးချင်ပါတယ်ရှင်။

#Cozy

Leave a Reply

Your email address will not be published. Required fields are marked *

Latest Products

X